မြင်းခြံ ၂ မေ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အာယုပါလဆေးခန်းတွင် COVID-19 ရောဂါကာလအတွင်း ပြည်သူများ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းများအတွက် ကုသနိုင်ရန်အတွက် Fever Clinic ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
မြင်းခြံမြို့ အာယုပါလဆေးခန်းတွင် Fever Clinic ဆေးခန်းဖွင့်လှစ်ရခြင်းမှာ ရာသီကူးပြောင်းကာလမှာ နှာစေး၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများရှိလာပါက ဆေးခန်းများသို့ ပြသရာတွင် အခက်အခဲမရှိစေရန်အတွက် Fever Clinic ကို အခမဲ့ဖြင့် ကုသပေးလျက်ရှိပြီး COVID-19 ရောဂါလက္ခဏာများတွေ့ရှိပါက ဆေးရုံသို့ အမြန်ဆုံး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက်လည်း စီစဉ်ထားလျက်ရှိကြောင်း Fever Clinic တွင် ကုသပေးနေသော ဒေါက်တာ အောင်ချမ်းဟန်က ပြောသည်။
Fever Clinic ဆေးခန်းဖွင့်လှစ်ရာ၌ ပန်းပျိုးလက် ပရဟိတအသင်းကလည်း volunteers များအဖြစ် ပါဝင်လုပ်ဆောင်ကူညီလျက်ရှိပြီး Fever Clinic ဆေးခန်းကို့ နေ့စဉ် နံနက် ၈ နာရီ ၁၁ နာရီအထိ နေ့စဉ်မပြတ် ဖွင့်လှစ်ထားကာ ဆေးခန်းကုသချိန်ပြီးပါက အဖြူရောင်လက်များ ပရဟိတအသင်းကလည်း နေ့စဉ် Fever Clinic ဆေးခန်းသို့ ပိုးသတ်ဆေးများ လာရောက်ဖျန်းပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုကျော်စွာ(ပြန်/ဆက်)


