မြင်းခြံ ၂၂ ဧပြီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မဟုန်မပြတ် လုပ်ဆောင်လျက်ရှိရာ ပြည်သူများ အိမ်တွင်နေထိုင်၍ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် Corona Save Together ပရဟိတအဖွဲ့မှ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို မြင်းခြံမြို့တွင်းသို့ ပို့ဆောင်ခ(အခမဲ့)ဖြင့် ဝယ်ယူပြီး လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း ဦးအေးချမ်းအောင်မြတ်ထံမှ သိရှိရသည်။
ပစ္စည်းများကို ဝယ်ယူရာတွင် မိမိတို့ပိုက်ဆံဖြင့် ဝယ်ယူပြီး အိမ်အရောက် လိုက်လံပို့ဆောင်ပေးကာ ပို့ဆောင်ခ(အခမဲ့)ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
Corona Save Together ပရဟိတအဖွဲ့သည် အဖွဲ့ဝင် ၁၅ ယောက်ဖြင့် ဖွဲ့စည်းထားပြီး နေ့စဉ် နံနက် ၈ နာရီမှ ည ၇ နာရီအထိ ဖုန်းဆက်အကူညီတောင်းလာသော ပြည်သူများအား ပစ္စည်းများဝယ်ယူပြီး လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုကျော်စွာ(ပြန်/ဆက်)


