မြင်းခြံ၊ ၂၇ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၏ လုပ်ငန်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့သည် ဆည်မြောင်းဦးစီးမှူးနှင့်အတူ မြင်းခြံမြို့နယ်၊ ပြားရွာရှိ တောင်ကြားဝ ဆည်သို့ သွားရောက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၈၄ သန်းနှင့် ဆောင်ရွက်မည့် တောင်ကြားဝဆည် RDO မှ ၃၀၀၀ ထိ မြောင်းပုံစံကျပြုပြင်ခြင်း၊ ရေထုတ် ပေါက် ပြုပြင်ခြင်းနှင့် ရေပေးမြောင်းပေါ်ရှိ ရေကျအဆောက်အအုံရှစ်လုံး အဝင်အထွက်တွင် အလျှော ကာကွယ်ထားခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂၆ ရက်က ကွင်းဆင်းကြည့်ရှုကြသည်။
အလားတူ မြင်းခြံနယ် ဗလုံကန်ရေပိုလွှဲ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၂ သန်းနှင့် ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုခဲ့ ကြသည်။
ဌေးမြင့်မောင်


