မြင်းခြံ ဇူလိုင် ၁၁

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံအမှတ် (၁၄) ရပ်ကွက် နယ်မြေ (၁၀) တွင် ဇူလိုင် ၁၀ ရက်က လူနေအိမ် သုံးလုံးပေါ်သို့ လုံးပတ် ၆ ပေ၊ အမြင့်ပေ  ၄၀ ရှိ ကုက္ကိုပင်ကြီး လေတိုက်လဲကျရာ     အိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ဖြစ်ပွားရာသို့ မြင်းခြံမီးသတ်စခန်းမှူး ဦးအောင်ကိုသန့် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၃ ဦးက ရှင်းလင်းပေးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း မြင်းခြံမီးသတ်စခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 

အလားတူ မြင်းခြံ - နဘူးအိုင် - မန္တလေးလမ်းတွင်လည်း ကားလမ်းပေါ် ထနောင်းပင်ကြီး လေတိုက်လဲကျနေမှုကြောင့် နယ်မြေခံမီးသတ်စခန်းက လမ်းပိတ်ဆို့နေမှုကို ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ဌေးမြင့်မောင်