မင်းကင်း ၁၇ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့ပေါ်ရှိ နေအိမ်ဆေးဆိုင်များနှင့် မြို့မစည်ပင်ဈေးအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များအတွင်း ရက်လွန်ဆေးဝါးနှင့် တားမြစ်ဆေးဝါးများ စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။


ယင်းသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာတာဝန်ခံ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များအား ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ ပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။


ချင်းတွင်းသား