နေပြည်တော်၊ ၁၃ ဇန်နဝါရီ

 

ဇန်နဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၃၇ မိနစ် ၂၄ စက္ကန့် တွင် ကန့်ဘလူမြေငလျင်စခန်းမှ  အနောက်တောင်ဘက်  ၆၂ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(မင်းကင်းမြို့၏ အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂ဒသမ ၇၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၇၀)ဒီဂရီ၊ အနက် (၇၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN

Crd, မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန