မင်းကင်း ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရှားတောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၅၃၀ ထုတ်ချေးခြင်းနှင့် တောင်ပတ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၄၀ ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၁၄ ရက်က အဆိုပါကျေးရွာများ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၏ ရှားတောကျေးရွာ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စသည့်မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် အသင်းသူ၊ အသင်းသားစုစုပေါင်း ၁၅၁ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေကျပ်သိန်း ၅၃၀ ထုတ်ချေးပေးနေမှုကိုလည်းကောင်း၊ တောင်ပတ်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စသည့်မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် အသင်းသူ၊ အသင်းသားစုစုပေါင်း ၈၉ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၄၀ ထုတ်ချေးပေးနေမှုကိုလည်းကောင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မင်းကင်းမြို့နယ်အတွင်း ယူနစ် ၂၀ စာအတွက် ကျေးရွာပေါင်း ၂၂ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းကင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)