မင်းကင်း    ၁၇    ဧပြီ   

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း ဧပြီ ၁၆ ရက် ညနေ ၆ နာရီ ၅ မိနစ်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ကျေးရွာ ၁၉ ခုတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အအုံ၊ ဆေးပေးခန်း၊ ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာများရှိ ၁၂ ပေ သွပ်မိုးများလေလန်၊ဆိုလာပြား လေလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဖြစ်ပွားရာတွင် မင်းကင်းမြို့နယ် ပန်းဆက်၊ ကုန်းရင်း၊ မုဿာ၊ ငါးနန္ဒာ၊ ရှဲ၊ စနဗျင်း၊ မင်းစား၊ မောက် တက်၊ အနောက်တော၊ ရွာသာကျေးရွာတို့တွင် အိမ်ထောင်စု  ၅၆ လုံးမှ လူဦးရေပေါင်း ၂၉၅ ဦးတို့၏နေအိမ် သွပ်မိုးများ လေလန်ပျက်စီးခြင်း၊ မောက္ကတော်ကျးရွာရှိ သာသနိကအဆောက်အအုံ၊ မုဿာကျေးရွာ အလကကျောင်း နှင့်ဆေးပေးခန်း၊ ငါးနန္ဒာကျေးရွာရှိ အလကကျောင်းနှင့် ဝန်ထမ်းအိမ်ရာ၊ အနောက်တောကျေးရွာ အမကကျောင်း၏ သွပ်မိုးများ လေလန်ပျက်စီးခြင်း၊ မောက်တက်ကျေးရွာ အထကကျောင်းရှိ ဆိုလာပြားနှင့် ကျန်းမာရေးဌာန၏ ဆိုလာပြား လန်ထွက်လေလွှင့်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ချင်းတွင်းသား