မင်းကင်း ၁၂ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့ပေါ်ရှိ နေအိမ်ဈေးဆိုင်များအတွင်း ရောင်းချေနေသည့် စားသုံးရန်မသင့်သော စားသောက်ကုန်များကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချမ်းမြေ့လှိုင်၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးကျန်ထိုက်မိုး၊ မြို့နယ်စားသုံးသူရေးရာ တာဝန်ခံ ဦးဝင်းမင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်မေသက်နွယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖွဲ့စည်းတာဝန်ပေးထားသော ပုဂ္ဂိုလ်များပါဝင်က FDA မှ ခွင့်ပြုချက်မပါရှိသော စားသောက်ကုန်များ၊ ရက်လွန်စားသောက်ကုန်များကို စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ချင်းတွင်းသား


