မင်းကင်း ၂၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၃၅၀)စင်တီမီတာဖြစ်၍ ယနေ့ နေ့လယ် ၁၂နာရီခွဲအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ တိုင်းထွာချက်အရ(၁၂၆၇) စင်တီမီတာသို့ ရောက်ရှိနေသဖြင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန်(၈၃)စင်တီမီတာ သာလိုတော့သည်။
သို့ဖြစ်ပါ၍ မြေနိမ်ပိုင်းတွင် နေထိုင်လျက်ရှိသော ကျေးရွာနေ ပြည်သူများ ရေဘေးအန္တရာယ် ကြုံတွေ့နိုင်သဖြင့် အချိန်မီ ကြိုတင်ပြင်ဆင်ကြရန်နှင့် စိုက်ပျိုးထားသော အပင်များ ပျက်စီးနိုင်သဖြင့် လိုအပ်ပါက သက်ဆိုင်ရာသို့ အကူအညီတောင်းခံကြရန် မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူများက သတိပေးထားနိုးဆော်လျက်ရှိကြောင်း သိရသည်။
လှငွေ(မင်းကင်း)


