မင်းကင်း ၂၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်း ကျောင်းရှိ စကားဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားရာမှ စတင်၍ အဆုတ်ရောင်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေးခြင်းများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းကြရာ မြို့နယ်ကျန်းမာရေးမှူး အဆင့်-၁ ဦးကျန်ထိုက်မိုးက ပြန်လည်ဖြေကြားသည်၊
အဆိုပါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့ G-4 သင်ရိုးသစ် သင်တန်းတက်ရောက် လျက်ရှိသော ဆရာ/ဆရာမ ၅၈၇ ဦးနှင့် သင်တန်းနည်းပြ ၅၅ ဦးတို့ တက်ရောက်ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
လှငွေ(မင်းကင်း)


