ရွှေဘို ၂၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် မင်းကုန်းစက်မှုလယ်ယာဧက(၁၀ဝ)နှင့် (၁၅၀)ရှိ ကုန်ထုတ်လမ်း ပေ(၃၀ဝ၀ဝ) ကျော်အား ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ဂျင်းလမ်းခင်းခြင်းလုပ်ငန်းကို မင်းကုန်းစက်မှုလယ်ယာဧက(၁၀ဝ)တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၈၇၄)သိန်းဖြင့် တင်ဒါအောင်မြင်သော ပြည့်ဝေကျော်ကုမ္ပဏီမှ (၈)ပေအကျယ်၊ အရှည်(၅၇၃၀)ပေ ကုန်ထုတ်လမ်း၊ (၉)ပေအကျယ်၊ အရှည်(၅၆၇၀)ပေ ကုန်ထုတ်လမ်းနှင့် (၁၀)ပေအကျယ်၊ အရှည်(၅၇၀ဝ)ပေ ကုန်ထုတ်လမ်းတို့ကို ဂျင်းလမ်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး မင်းကုန်းစက်မှုလယ်ယာ ဧက(၁၅၀)တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၇၁၉)ဖြင့် တင်ဒါအောင်မြင်သော ရွှေသိန်းကုမ္ပဏီမှ အကျယ်(၇)ပေ၊ အရှည်(၉၀၅၂)ပေ ကုန်ထုတ်လမ်း၊ အကျယ်(၈)ပေ၊ အရှည်(၉၄၅)ပေ ကုန်ထုတ်လမ်း၊ အကျယ်(၉)ပေ၊ အရှည်(၁၀၇၀)ပေ ကုန်ထုတ်လမ်း၊ အကျယ်(၁၀)ပေ၊အရှည်(၂၈၄၉)ပေ ကုန်ထုတ်လမ်းနှင့် အကျယ်(၁၂)ပေ၊ အရှည်(၂၆၃၆)ပေ ကုန်ထုတ်လမ်းတို့ကို ဂျင်းလမ်းခင်းခြင်း အသီးသီး ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ခမ်းအိအိဖြူထံမှ သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ယနေ့နံနက် ၉ နာရီက ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမြင့်မှ တင်ဒါအောင်ကုမ္ပဏီများ ဆောင်ရွက်နေသော လမ်းများ၏ အရည်အသွေးများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးတောင်သူဦးကြီးများအတွက် ရေရှည်အသုံးပြုနိုင်သော ကုန်ထုတ်လမ်းဖြစ်များဖြစ်အောင် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထွန်းမြင့်အောင်(ရွှေဘို)


