အထက်မင်းလှ ၁၉ ဇွန်


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မြို့တွင်းရပ်ကွက်လမ်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး၊ ပြည်သူများ သွားလာမှု လွယ်ကူလျင်မြန်စေရေး၊ ယာဉ်အန္တရာယ် ကင်းဝေးစေရေးတို့အတွက် မင်းလှမြို့၊ ကွက်သစ်ရပ်ကွက်ရှိ လုပ်သားလမ်းကို မြေနီကျောက်စရစ်လမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂၁၉)သိန်းဖြင့် အရှည်ပေ ၉၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၉လက်မရှိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန်အတွက် ကျောက်စရစ်ကျောက်များနှင့် သဲများ စုဆောင်းထားရှိပြီး ဖြစ်ကြောင်းနှင့် မကြာမီ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၏ ပြောပြချက်အရသိရသည်။


ဇာဇာ(အထက်မင်းလှ)