အထက်မင်းလှ နိုဝင်ဘာ ၁၇
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများကို ယနေ့ နံနက် ၇ နာရီခွဲက မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများတွင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများပါဝင်သည့် အသင်း (၁၀)သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)