အထက်မင်းလှ၊ ၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီက မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမ္မာန် စာဖြေဌာန၌ စတင်ဖြေဆိုလျက်ရှိသည်။
မင်းလှမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် စာရင်းသွင်းသံဃာ အပါး ၄၀ အနက် ပထမကြီးတန်းတွင် ၅ ပါး၊ ပထမလတ်တန်းတွင် ၅ ပါး၊ ပထမငယ်တန်းတွင် ၁၀ ပါး၊ အခြေပြုမူလတန်းတွင် ၇ ပါး စုစုပေါင်းရဟန်းသံဃာ ၂၇ ပါး ကြွရောက်ဖြေဆိုကြသည်။
မင်းလှမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၇ ရက်မှ ၁၃ ရက်အထိ ဩဝါဒ စရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များနှင့် မြို့နယ်သာသနာရေးမှူးတို့က ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိသည်။
အဆိုပါစာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အလှူရှင်များက စာဖြေသံဃာတော်များအား နေ့စဉ်ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်လျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


