အထက်မင်းလှ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အောက်ဆီဂျင်ပေးရန် လိုအပ်နေသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူလူနာများအား အောက်ဆီဂျင်လုံလောက်မှုရှိစေရန်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ အပမာဒ နာရေးကူညီမှုအသင်းတို့က အောက်ဆီဂျင်စက်ရုံများတွင် သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်ရုံအမြန်တည်ဆောက်နိုင်ရေး မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကြီးကြပ်မှုကော်မတီက ကြီးမှူး၍အလှူငွေရရှိရေး ဆောင်ရွက်လျက်ရှိရာ၊ မင်းလှမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှဆရာတော်/သံဃာတော်များက  အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂   နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ကျောင်းတိုက်အသီးသီးမှ ဆရာတော်/သံဃာတော် ၆၃ ပါးနှင့်အလှူရှင် သုံးဦးတို့မှအလှူငွေစုစုပေါင်း ကျပ် ၃၄၀၀၀၀၀ ကိုပေးအပ်လှူဒါန်းခဲ့ရာ၊ မြို့နယ်အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)