မင်းလှ အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းဌေးက ကာကွယ်ဆေးထိုးနှံပေးရန် ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း၊ မိဘများနှင့် ကျောင်းသားများကို ဆက်သွယ်ဆောင်ရွက်မည့် အခြေအနေ၊ ဆရာဆရာများကို လမ်းညွှန်တာဝန်ပေးဆောင်ရွက်ထားခြင်း၊ ဆေးထိုးခြင်းစာရင်းများ ပြုစုရန်ဆောင်ရွက်ထားခြင်း စသည့်အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးကို တတ်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ထက်/ လယ်ကျောင်းအုပ်ကြီးများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးမည့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ (၄၄၄၅) ဦးပြီး၊ ဆေးထိုးစုရပ်(၈)နေရာဖြစ်သည့် အ.ထ.က မင်းလှ (မြို့ပြင်)၊အ.ထ.က စိန်ကန့်လန့်၊ အ.ထ.က စစ်ကွင်း၊ အ.ထ.ကရေကျော်၊ အ.ထ.က ရွှေလောင်း၊အ.ထ.က (ခွဲ) ကိုင်းပြင်ကြီး၊ အ.ထ.က( ခွဲ)ဦးတိုစာဖြူစု၊ အ.ထ.က( ခွဲ) ကညင်ပင်တို့တွင် ကျောင်းများအလိုက် အောက်တိုဘာလအတွင်း ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်‌ဆောင်ရွက်ထားကြောင်း သိရသည်။

ပေါက်စ (မင်းလှ)