မင်းလှ မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ထောက်ကြန့်ကျေးရွာအုပ်စုမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ကြန့်ကျေးရွာအုပ်စု၊ ဘန့်ဘွေးပင်ကျေးရွာအတွင်းရှိ အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့သောနေအိမ် (၂၁)လုံး၊ အိမ်ထောင်စု (၂၁)စုမှ လေဘေးသင့်လူဦးရေ (၇၁)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ၁၀၆၀၀၀ဝ ကျပ်နှင့် ဆန်ရိက္ခာ(၇) ရက်စာဖိုး ၁၄၉၁၀ဝ ကျပ် စုစုပေါင်း ၁၂၀၉၁၀ဝ ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)