အထက်မင်းလှ အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မင်းလှမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းလှမြို့နယ်မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် က အမှာစကားပြောကြားပြီး မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဦးအောင်ကြည်မြင့်က (အသားကဏ္ဍ)ရန်ပုံငွ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ပုံငွေပေးအပ်ပွဲကျင်းပရာ မင်းလှမြို့နယ်၊ စမ်းအိုင်ကျေးရွာအတွက် မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကျပ် သိန်း၃၀၀အား မြို့နယ်မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ စမ်းအိုင်ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


