အထက်မင်းလှ   ၈       နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဉီးဆောင်မှုဖြင့် ပဏာမ  မျက်စိကျန်းမာရေး စောင့်ရှောက်မှု သင်တန်းကို နိုဝင်ဘာ ၅ ရက်မှ စတင်၍ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် မင်းလှမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများမှ အခြေခံကျန်းမာရေး ဝန်ထမ်း(၁၀၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ နိုဝင်ဘာ ၅ ရက်နေ့မှ ၈ ရက်နေ့ထိ(၄)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)