အထက်မင်းလှ ၅ ဩဂုတ်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်၌ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံများအတွက် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး တို့က အမှာစကားပြောကြားခဲ့ပြီး မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ၂၀၁၈-၂၀၁၉ ခုနှစ် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများအတွက် ထောက်ပံ့ကြေး ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၁၈-၂၀၁၉ခုနှစ်သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံများအတွက် ထောက်ပံ့ကြေး ငွေအပ်ရာတွင် ကျေးရွာအုပ်စု(၉)အုပ်စုမှ၊ တောင်သူ(၄၆၁)ဦးအား မိုးနှမ်းတစ်ဧက(၅၀၀ဝ)၊ စပါးတစ်ဧက(၁၀၀၀ဝ)၊ ပဲတီစိမ်းတစ်ဧက(၅၀၀ဝ)၊ ပဲစဉ်းငုံတစ်ဧက(၅၀၀ဝ)၊ မြေပဲတစ်ဧက(၃၀၀၀ဝ)၊ ချည်မျှင်ရှည်ဝါတစ်ဧက(၁၀၀၀ဝ)နှင့် ဖူးစားပြောင်းတစ်ဧက(၁၀၀၀ဝ)နှုန်းဖြင့် စုစုပေါင်း(၆၆၉)ဧကအတွက် ထောက်ပံ့ကြေးငွေကျပ်သိန်း(၄၀၅၀၀၀ဝိ/)အား တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)