မင်းလှ ဇူလိုင် ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်‌ရေးအသင်းက သုံးမြွှာပူးကလေးငယ်များအတွက် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

 

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)မှ ထောက်ပံ့ပေးအပ်သည် သုံးသိန်းကျပ်ကို မင်းလှမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဝေငြိမ်းနှင့် အဖွဲ့ဝင်များက အလယ်ကုန်းအုပ်စု၊ ချောင်းဂွကျေးရွာနေ သားယောင်္ကျားလေး သုံးမြွှာပူးကလေးငယ်များ မွေးဖွားသည့် ဖခင် ဦးဇော်ထူးနှင့် မိခင် ဒေါ်ခင်လပြည့်တို့ထံ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ သားယောက်ျားလေး သုံးမြွှာပူးကို သာယာဝတီခရိုင် ပြည်သူ့ဆေးရုံတွင် ဧပြီ ၁ ရက်က မွေးဖွားခဲ့ပြီး ကလေးငယ်များနှင့် မိခင်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

ပေါက်စ(မင်းလှ)