အထက်မင်းလှ   ဒီဇင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရေနံမကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျောင်းတွင်း အားကစားပြိုင်ပွဲ များကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲများအဖြစ် အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)