အထက်မင်းလှ ၂၄ နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

0413

 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက ကလေးအလုပ်သမား ပပျောက်ရေး၊ နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်နှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာနည်ဌေးက အရိုးကျီးပေါင်းရောဂါအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ဆေးကုသပေးရာ ကျီးပေါင်းရောဂါ၊ ဒူးနာ၊ ခါးနာ၊ ထုံနာ၊ ကျင်နာ၊ အကြောတက်၊ သွေးတိုး၊ လေငန်း၊ အစာမကြေ၊ အအေးမိ၊ နှာဆေး၊ ချောင်းဆိုး၊ ယားနာ စသည့်     အထွေထွေရောဂါ ဝေဒနာရှင်လူနာ ၄၆ ဦးတို့ကို တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)