နေပြည်တော် ၂ မတ်
မင်းလှမြို့နယ်ရဲတပ်ဖွဲ့၊ ရေနံမနယ်မြေ ရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း ဦးစီးအဖွဲ့သည် မင်းလှမြို့နယ်၊ ပရဆိုင်ကျေးရွာ ရွာလယ်ဇရပ်တွင် မသင်္ကာလူစိမ်းများ ရောက်ရှိနေကြောင်း သတင်းအရ မတ် ၂ ရက်တွင် သွားရောက်စိစစ်ခဲ့ရာ အထောက်အထားမဲ့ ဝင်ရောက်လာသူ ဂျာဘူရ်အီဆော်လော် (ခ) မောင်မောင်ကျော် (ဖ) ဦးနိုရာလောင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါကျေးရွာ၊ ကျေးရွာအုပ်စု နေသူပါ အမျိုးသား (၅)ဦးအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိသူ (၅)ဦးအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ-၆(၂)/ ၆(၃)ဖြင့် အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
မောင်လူမော်