မင်းလှမြို့နယ်အတွင်း ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ

မင်းလှ ၁၉ ဖေဖော်ဝါရီ 

 

မင်းလှမြို့နယ်အတွင်း  တစ်တန်လျှင် ဒေသပေါက်ဈေး ငွေကျပ်သုံးသိန်းတန်ဖိုးရှိ ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ  မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ရှမ်းတပ်ရဲကင်းမှူး ဒုရဲအုပ် မိုးလွင်နှင့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက နယ်မြေစိုးမိုးရေး လှည့်ကင်းဆောင်ရွက်စဉ် မီးလောင်ကုန်းကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ရေကြည်ချောင်းဘေးတွင် အခြားသား သစ်ခွဲသား ဆိုဒ်စုံ ၁၂ ချောင်း (တန်ချိန် ၁ ဒသမ ၅၀၆၂) စုစုပေါင်းတန်ဖိုး ငွေကျပ် ၄၅၁၈၆၀ ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ရွှေချောင်းဘိနယ် သစ်တောရုံးသို့ သယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အေအေတီ