အထက်မင်းလှ  ဒီဇင်ဘာ  ၁

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင်  သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ မြို့နယ် အတွင်းရှိ Quarantine Centre များတွင် ဆေးကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉ လူနာများအား ကျွေးမွေး စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ‌နိုဝင်ဘာ  ၃၀ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မင်းလှမြို့နယ် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က  မြို့နယ်အတွင်းရှိ Quarantine Centre များတွင် ဩဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ဆေးကုသမှုခံယူခဲ့ကြသည့် Positive လူနာများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပရာ ဩဂုတ် ၁ ရက်မှ ၃၁ ရက်အထိ  ရပ်ကွက်/ ကျေးရွာ ၄၁  ရွာမှ မြို့နယ်အတွင်းရှိ Quarantine Centre များတွင် ဆေးကုသမှုခံယူခဲ့သည့် Positive လူနာ ၈၉၇ ဦးအတွက် လူတစ်ဦးအားတစ်ရက်လျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၅၄၄၀၀၀ ကို မြို့နယ် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်‌ရေးကော်မတီဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှတဆင့် ဆေးကုသမှုခံယူ ခဲ့ကြသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

                                                                                                                              

ဇာဇာ(အထက်မင်းလှ)