အထက်မင်းလှ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ၅နှစ် ဒေသန္တရစီမံကိန်း ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာ ၁၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ၅နှစ် ဒေသန္တရစီမံကိန်းရေးဆွဲရာ၌ အဆိုပြု ၅နှစ် ဒေသန္တရစီမံကိန်းမူဘောင်ကို ယခင်ရေးဆွဲပြီး ဖြစ်သည့် မူဘောင်များနှင့် ချိတ်ဆက်ရေးဆွဲ၍ ရည်မှန်းတင်ပြကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဌေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ၅နှစ် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ၅နှစ် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


