အထက်မင်းလှ ၅ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း လုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ဩဂုတ်လအထိ ဆောက်ရွက်လျက်ရှိပြီး ကောက်ယူပြီးစီး၍ ပေးပို့လာသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်းနှင့် အချက်အလက်များအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး၌ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် စာရင်းရေးသွင်းခြင်း လုပ်ငန်းများကို စက်တင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ခြင်းဖြင့် ၎င်းတို့၏ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရန်၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


