အထက်မင်းလှ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧပြီ ၂၀ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပေရင်းကျေးရွာနှင့် ကန်းနီကျေးရွာတို့တွင် လူနေအိမ် (၈)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပေရင်းကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ကန်းနီကျေးရွာတွင် လူနေအိမ်(၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက်ရှိ အထက(မင်းလှ)ကျောင်းဝန်းအတွင်းမှ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများပေါ်သို့ သစ်ပင်များပြိုလဲခဲ့ပြီး မီးတိုင်ကျိုးမှုဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


