အထက်မင်းလှ ၁၂  ဇန်နဝါရီ

 

လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရေခါးကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှု အန္တရာယ်အကြောင်းနှင့် ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာနည်ဌေးက သမင်ခွာပေါက်နာ ရောဂါအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

 

mdn

 

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး နံရံကပ်စာစောင်များကို ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြသည်။

 

mdn

 

ထို့နောက် ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဝါးဖြင့် ဆေးကုသပေးရာ ကျီးပေါင်း၊ သွေးတိုး၊ အဆစ်ရောင်၊ ခါးနာ၊ ဒူးနာ၊ ထိခိုက်ဒဏ်နာ၊ အအေးမိ၊ ချောင်းဆိုး၊ ယားနာ စသည့် အထွေထွေရောဂါ ဝေဒနာရှင် ၁၀၄ ဦးတို့ကို တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသပေးခြင်းကို မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)