မင်းလှ မတ် ၁၅

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသတိပေးနှိုးဆော်ခြင်းကို ယနေ့တွင် ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များက မင်းလှမြို့ ရပ်ကွက်များအတွင်း နေထိုင်ကြသော မိဘပြည်သူများအား မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိသတိဖြင့် နေထိုင်ကြရန်၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားရှိရန် မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ရန် စသည်ဖြင့် မီးဘေးအန္တရာယ် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုခန့်