အထက်မင်းလှ ၂၃ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လင်းကယ်ကျေးရွာအဝင်တွင် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ထားသော တညောင်ချောင်း ရေကျော်၌ ချောင်းရေကျပြီး သစ်ကိုင်းခြောက်များ မျောပါလာကာ ချောင်းရေကျော်ပေါ်တွင် စိုက်ထားသော လမ်းဘေးဝဲယာရှိ ကွန်ကရစ်တိုင် ၄၁ တိုင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းရေကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် ပျက်စီးသွားသော ကွန်ကရစ်တိုင်များကို ကျေးလက်လမ်းဦးစီးဌာနမှ ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


