mdn

အထက်မင်းလှ   အောက်တိုဘာ   ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် လူဦးရေ အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကျောက်ပုံကျေးရွာသို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ဆောင်ရွက်ပေးရာတွင် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးဟန်မိုးဦးနှင့် ဝန်ထမ်းများက ၃(က)ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်သူ နှစ်ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ ၁၀ ဦး၊ နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်သူ ၆၂ ဦး၊ ‌ပျောက်ဆုံးပျက်စီး ပြန်လည်ပြုလုပ်သူ ၂၂ ဦး စုစုပေါင်း ၉၆ ဦးနှင့် လူဦးရေ အိမ်ထောင်စုစာရင်း ၁၁၉ စုတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
                                                                                                                                              ဇာဇာ(အထက်မင်းလှ)