သရက် ဇူလိုင် ၈
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပြင် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် မလွန်ကျေးရွာ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မလွန်ကျေးရွာရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ရေပြင်ရှာဖွေကယ် ဆယ်ရေးစွမ်းရည် သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ကောင်းစစ်နိုင်


