မင်းလှ ၃ မေ
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန် ပြိုလဲပျက်စီး သွားခဲ့သော နေအိမ်များမှ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ထောက်ပံ့ခြင်းကို မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူမောင်က ဧပြီ ၂၉ ရက်နေ့က လေဘေးသင့်ခဲ့ရသော လက်ပံရေကျော်အုပ်စု၊ကျေးရွာများ၌ အမိုးလန် နေအိမ်(၆)လုံးကို အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၄၀ဝ၀ဝ)ကျပ်၊ ပြိုလဲနေအိမ်(၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀ဝ၀ဝ၀)ကျပ်၊ ဘေးသင့်လူဦးရေ(၆) ဦးအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂၆၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ ပလတ်စတစ်ပုံး (၁) ပုံး ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် မေလ ၁ ရက်နေ့က လေဘေးသင့်သော ဇရစ်ချောင်းအုပ်စု၊ ဗောဓိကုန်းကျေးရွာ၌ ပြိုလဲ နေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀ဝ၀ဝ၀)ကျပ်၊ ဘေးသင့်လူဦးရေ(၇) ဦးအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄၇၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ ပလတ်စတစ်ပုံး (၁) ပုံးထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ


