မင်းလှ၊  ၁၄  ဇန်နဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် မူလခွင့်ပြု ရန်ပုံငွေဖြင့် အောက်ကိုင်းကျေးရွာအုပ်စု၊ အောက်ကိုင်းကျေးရွာတွင် ကျေးလက်နေပြည်သူများ၏ လယ်ယာမြေဧက ၃၅၀ မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ ယခုအချိန်တွင် ၄၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

အောက်ကိုင်းကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည် ၁မိုင် ၄ ဖာလုံ အကျယ် ၁၂ ပေ ထုမြေသား ၁ ပေ မြေနီကျောက်စရစ် ၉ ပေ ရှိပြီး ၂၀၂၀ - ၂၀၂၁ခုဘဏ္ဍာနှစ်တွင် မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် ၃၆ သန်းဖြင့် တင်ဒါအောင်မြင်သော ပြည့်ပြည့် ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၄၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ပြီး ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၂၄၀ မှ လူဦးရေ ၈၈၅ ဦးတို့၏ လယ်ယာဧက ၃၅၀ မှ လယ်ယာထွက်ကုန်များစျေးကွက်သို့ အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောပြ၍ သိရသည်။

 

ငြိမ်းသူ(စလင်း)