အထက်မင်းလှ    ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထ အသုတ် (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂ ရက် နံနက် ၉နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုး စုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာ၌        ကျန်းမာရေးဝန်ကြီးဌာန၏         ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ      ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) စတုတ္ထအသုတ် (ဒုတိယအကြိမ်) ထိုးနှံရန် လူဦးရေ ၈၉၄၅ဦး၊ ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ဆေး(Sinovac) စတုတ္တအသုတ်   (ဒုတိယအကြိမ်) ထိုးနှံရန် လူဦးရေ ၆၈၄၂ဦးရှိရာ     ဇန်နဝါရီအထိ ဆေးထိုးစုရပ်များ၌(Sinopharm) ကာကွယ်ဆေးထိုးနှံပြီးသူ၆၉၂၀ဦး  (Sinovac) ကာကွယ်ဆေးထိုးနှံပြီးသူ  ၆၁၈၆ဦးရှိပြီး   ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများအား   သက်ဆိုင်ရာ သတ်မှတ် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)