မင်းလှ ၆  သြဂုတ် 


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် သြဂုတ် ၃ ရက် ညနေပိုင်းက မိုးရွာပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသောနေအိမ်များမှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို သြဂုတ် ၅ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။


အဆိုပါ ထောက်ပံ့ပေးခြင်းကို မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူမောင်က လေဘေးသင့် ကျေးရွာများဖြစ်သည့် ထန်းပင်ကုန်းအုပ်စု ၊ပဒေသာကုန်းကျေးရွာမှ ပြိုလဲနေအိမ် ၅လုံးမှ အိမ်ထောင်စုဝင်များအား နေအိမ်၅ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ငါးသိန်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ ပလတ်စတစ်ပုံး(၅)ပုံးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၆၅၁၀ဝ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၆၅၁၀ဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ပေါက်စ(မင်းလှ)