မင်းလှ၊ ၂၇  မေ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မေ ၃ ရက်နှင့် ၁၀ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သောနေအိမ်များမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ မေလ ၂၇ ရက်မွန်းလွဲ ၁ နာရီက  ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာတို့က မေလ ၃ ရက်နေ့က ဇရစ်ချောင်းကျေးရွာအုပ်စုနှင့် သဲကောကျေးရွာအုပ်စုအတွင်းရှိ ပြိုလဲနေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃) သိန်းကျပ်၊ အိမ်ထောင်စုမျာအတွက် ဆန်ရိက္ခာဖိုး (၂၅၂၀၀) ကျပ်နှင့်ကယ်ဆယ်ရေး (၁၇) မျိုးပါ ပုံး(၃) ပုံးတို့ကိုလည်ကောင်း၊  အမိုးလန်နေအိမ် (၁) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ငါးသောင်းကျပ်နှင့်ဆန်ရိက္ခာဖိုးငွေ (၂၁၀၀)ကျပ်ကိုလည်ကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မေလ ၁၀ ရက်နေ့က ထောက်ကြံန်ကျေးရွာအုပ်စုတွင် အမိုးလန်ပျက်ခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၉၀၀၀၀) ကျပ်ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ

mdn