မင်းလှ   ဇူလိုင်    ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျေးရွာအုပ်စုအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ထန်းပင်ကုန်းကျေးရွာအုပ်စုအသင်းနှင့် သဲကောကျေးရွာအုပ်စုအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                              

ပေါက်စ(မင်းလှ)