အထက်မင်းလှ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ဒေသ-၄ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် မင်းလှ-ရွာတော်ကျေးလက်လမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းတမံ တည်ဆောက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်လမ်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီမြေ ထိန်းတမံ အလျားပေ ၄၅၀ အား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၂၉၀.၈ဖြင့် ဒေတာမြန်မာ ကုမ္ပဏီကတာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုအခါတွင် ကျောက်စီမြေထိန်းတမံ တည်ဆောက်ရာ၌ ရာနှုန်းပြည်ပြီးစီးနေပြီဖြစ်၍ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ဒေသ-၄ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။
မင်းလှမြို့နယ်ရွာတော်ကျေးရွာနှင့် မင်းလှမြို့ ဆက်သွယ်ထားသည့် ကျေးလက်လမ်းအား ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုခဲ့ခြင်းဖြစ်ပြီး ကျေးလက်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဘိုးပိုင်ခြေပြု ကျောက်စီမြေထိန်းတမံ တည်ဆောက်ခြင်းဖြစ်ရာ လုပ်ငန်းဆောက်ရွက်ပြီးစီးပြီ ဖြစ်သောကြောင့် ဒေသခံပြည်သူများ သွားလာရေးအတွက် လွယ်ကူအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)