အထက်မင်းလှ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များပြု လုပ်ပေး လျက်ရှိရာ ပြုလုပ်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဒေသခံပြည်သူများထံ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ဦးကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး မင်းလှမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းမင်းက ပန်းခင်း စီမံချက်ဖြင့် လူဦးရေအိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှု များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပရာ တောင်ဦးကျေးရွာမှ အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ ကျား(၁၀)ဦး၊ မ(၁၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ ကျား(၂)ဦး၊ မ(၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်လဲလှယ်သူ ကျား(၁၂)ဦး၊ မ(၁၀)ဦး၊ ပျောက်ဆုံး/ပျက်စီးထုတ်ပေးသူ ကျား(၈)ဦး၊ မ(၈)ဦး၊ စုစုပေါင်း(၇၂)ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လူဦးရေ အိမ်ထောင်စုစာရင်းပြုလုပ်လိုသော ဒေသခံပြည်သူများအဆင်ပြေစွာ ပြုလုပ်နိုင်ရန်အတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစန်းမင်းထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)


