အထက်မင်းလှ နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မင်းလှ အခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ဖတ်ကြားခဲ့သည်။

ယင်းနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မီနီမာရသွန် အလွတ်တန်း ပြိုင်ပွဲနှင့် အသက် (၁၈)နှစ်အောက်ပြိုင်ပွဲ၊ ကျား/မမီတာ(၁၀၀)၊ (၂၀၀) အပြေးပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲနှင့် အပ်ချည်ထိုးပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ဇာဇာ(အထက်မင်းလှ)