အထက်မင်းလှ ဇွန် ၂၇

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက Biometric အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၂၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်  မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆန်းမင်းနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး Biometric ဆိုင်ရာ အချက်အလက်များ စာရင်းကောက်ယူပြီး Database တွင် သိမ်းဆည်းကာ မတူညီဂဏန်း (၁၀)လုံးပါဝင်သည့် Unique  ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီး  ထုတ်‌ပေးလျက်ရှိသည်။

 

အဆိုပါ Biometric အချက်အလက်များကောက်ယူခြင်းနှင့် Unique ID ထုတ်ပေး‌နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။ မင်းလှမြို့နယ်တွင် Biometric အချက်အလက်များ‌ကောက်ယူခြင်းနှင့် Unique ID ထုတ်‌ပေးခြင်းကို ဇွန် ၂၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဇွန် ၂၆ ရက်ထိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း (၄၃၀) ထည့်သွင်းပြီးဖြစ်၍ ကျန်ရှိနေသူများကိုလည်း ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

 

ဇာဇာ(ပြန်/ဆက်)