အထက်မင်းလှ  ၁  သြဂုတ် 

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  မင်းလှမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉-ခုနှစ်ကို မဲဆနရှင်စာရင်းပြုစုသည့်နှစ် အဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိရာ  လူဦးရေစာရင်း အချက်အလက်များကို  ဇူလိုင်လ  ပထမ ပတ်မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် တစ်ပြိုင်နက် ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

208

 

အဆိုပါလူဦးရေစာရင်းများကို မင်းလှမြို့လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ဝင်များ၊ ရပ်/ ကျေး အုပ်ချုပ် ရေးမှူးများနှင့်စာရေးများ၊ ပညာရေး၊ ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများ ပါဝင်သော အဖွဲ့တို့က မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၃)အုပ်စုရှ ိကျေးရွာများတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးအတွက်  လူဦးရေစာရင်း ပြည့်စုံမှန်ကန်စွာရရှိရေး  ကောက်ယူနေခြင်းကို     မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးအောင်သိန်းထွန်းနှင့် အဖွဲ့ဝင်များကကြီးကြပ်၍  ကွင်းဆင်းကြည့်ရှုခဲ့သည်။

 

583

 

၂၀၁၉- ခုနှစ်  ဇွန်လနှင့် ဇူလိုင်လများတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ပညာရေးဌာန၊  ကျန်းမာရေးဌာန ဆရာ/ဆရာမများပါဝင်သော အဖွဲ့များအား  အခြေခံမဲဆန္ဒရှင် စာရင်းပြုစုနိုင်ရေးအတွက်      လူဦးရေစာရင်း   ကောက်ယူခြင်းဆိုင်ရာ သင်တန်းပေးခဲ့ပြီး သြဂုတ်လကုန်အထိ အပြီးသတ် ကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)