မင်းလှ ၁၃ ဧပြီ 

 


၁၃၈၀ ခုနှစ်၊ နှစ်သစ်ကူး မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ပေးရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မဟာစည်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ (၅၃)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ပွဲနှင့် (၉)ရက်ဝိပဿနာ တရားစခန်းပွဲကို ယနေ့ သင်္ကြန်အကြိုနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။     

 

ည

 

တရားစခန်းပွဲကို မဟာစည်သာသနာ့ရိပ်သာ သက်တော်ရှည်ဆရာတော် ဦးသာသန၏ ဩဝါဒလမ်းညွှန်မူကိုခံယူကာ တိုက်အုပ်ဆရာတော် အရှင်ဣန္ဒောဘာသ ဦးဆောင်မူဖြင့်  သက်သက်လွတ် ထမင်းဟင်းများ ကျွေးမွေးခြင်းဖြင့် (၇)ရက်သားသမီးများအား ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်း၊ သီလရှင်ဝတ်ပေးခြင်း၊ အမှတ်စိတ်၊ အမှတ်ကျဲ ယောဂီများနှင့် တရားစခန်းဖွင့်လှစ်ပေးခြင်း၊ မင်္ဂလာယဉ်ကျေးမှုစာမေးပွဲများ ကျင်းပပြုလုပ်ပေးသည်။

 


ထို့ပြင် နေ့စဉ် မြို့ပေါ်ရပ်ကွက်များအတွင်း ဆွမ်းခံကြွခြင်း၊ အချိန်နှင့်အညီ အလုပ်ပေးတရားများ နာကြားရခြင်း၊ သတိပဋ္ဌာန်တရားများ အားထုတ်ရခြင်း၊ ညစဉ် ဓမ္မကထိက ဆရာတော်များ၏ တရားတော်များ နာကြားကျင်ပးခြင်းတို့ဖြင့် (၇)ရက်သားသမီးများ ကုသိုလ်သဒ္ဓါပွားများနိုင်ရန် ဆောင်ရွက်ပေးသည်။

 


စေတနာအလှူရှင်များကလည်း အာရုံဆွမ်း၊ နေ့ဆွမ်း၊ အချိုရည်များကို အလှည့်ကျ လှူဒါန်းပေးပြီး ကျန်းမာရေးဆေးခန်းများ ထားရှိပေးကာ ဝေယျာဝစ္စ ဆောင်ရွက်ပေးမည့်သူများ ထားရှိပေးကြောင်း၊ မင်္ဂလာယဉ်ကျေးမှုစာမေးပွဲ ကျင်းပပေးပြီး ဂုဏ်ပြုအောင်ဆုလက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ု

 

အဆိုပါ (၅၃)ကြိမ်မြောက် တရားစခန်းပွဲတွင် ရဟန်း(၁၄၆)ပါး၊ သာမဏေ(၄၁)ပါး၊ သီလရှင်(၁၄၅)ပါး၊ ယောဂီ(၁၀ဝ)၊ ဝေယျာဝစ္စအဖွဲ့ (၇၅)ဦးဖြင့် ဧပြီ(၁၃)မှ (၂၁)ရက်ထိ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 


ပေါက်စ (မင်းလှ)