မင်းလှ နိုဝင်ဘာ ၁
    
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများသည် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ပြန်လည်ဖွင့်လှစ်သင် ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၄) ကျောင်းရှိပြီး ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၏ ကြီးကြပ်မှုဖြင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ကျောင်းများဖွင့်လှစ်သင်ကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ဆရာဆရာမများက ကျောင်းသား ကျောင်းသူများကို တတ်ရောက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)