မင်းလှ ၁၀ မတ်  

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေး ပင်စင်အကျိုးခံစားခွင့် (၃)လစာ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

လူမှုရေးပင်စင် ပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့် လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမူဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်မေနှင်းဖြူတို့က မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၆၆)အုပ်စုမှ အသက် (၈၅)နှစ်အထက် အဘိုးအဘွား (၈၂၁)ဦးအတွက် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် ၂၄၆၃၀၀၀၀ အား၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)