မင်းလှ ၃ သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ထန်းပင်ကုန်းအုပ်စု၊ ပဒေသာကုန်းကျေးရွာတွင် ယနေ့ ညနေ ၄ နာရီခန့်က မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် လူနေအိမ် (၅)လုံးနှင့် နွားတင်းကုတ် (၂)လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ အဆိုပါလေဘေးသင့် နေအိမ်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)